နေပြည်တော် ဒီဇင်ဘာ ၂၃
တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာ
သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၄)နှင့် အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁)
သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်
၇ နာရီခွဲတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ
မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်သည် တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့
သင်တန်းအမှတ်စဉ် (၁၄)မှ အကောင်းဆုံး သင်တန်းသားဆုရရှိသူ လွင်မိုး ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ
ဟန်လင်းနိုင်၊ စာပေထူးချွန်ဆုရရှိသူ ဇော်ဟိန်း တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်သူနာပြုနှင့်
ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁)မှ အကောင်းဆုံး
သင်တန်းသူဆုရရှိသူ နုထက်ထက်လှိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ မြတ်သက်မွန်၊ စာပေထူးချွန်ဆု
ရရှိသူ အိသန္တာဖြိုးတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
စစ်ရေးပြအခမ်းအနားအပြီးတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော် ဆေးတက္ကသိုလ် ပင်မဆောင်ရှိ ဧည့်ခန်းမဆောင်၌
သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၄)မှထူးချွန်ဆုရရှိကြသည့် သင်တန်းသား
များနှင့် ၎င်းတို့၏ မိဘများ၊ အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁)မှ ထူးချွန်ဆု
ရရှိကြသည့် သင်တန်းသူ များနှင့် ၎င်းတို့၏မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာ စကားပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်နှင့် အဖွဲ့သည် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းဆောင်ရှိ
သူနာပြု ကျွမ်းကျင်မှု လက်တွေ့ခန်းအတွင်း သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့သင်ကြားမှု
အခြေအနေများ၊ General Practical Room, ICU, Paediatric Room နှင့် Labour Room အတွင်း
လက်တွေ့သရုပ်ပြ လေ့ကျင့်နေမှုများကို Common Briefing Room အတွင်းတိုက်ရိုက်ပြသ၍ သင်တန်းသားများအား
သင်ကြားပို့ချနေမှု အခြေအနေများနှင့် ဆေးဝါးလက်တွေ့ခန်းအတွင်း ဆေးဝါးများ ထုတ်လုပ်မှု၊
ဆေးဝါးများဓါတ်ခွဲစမ်းသပ်မှုနှင့် အရည် အသွေး စစ်ဆေးမှုဆိုင်ရာ စက်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ခင်းကျင်းပြသထားသည့်
ဘွဲ့ယူကျမ်းများနှင့် သင်ကြားမှုနေ့စဉ် မှတ်တမ်းများ၊ ပြည်တွင်းပြည်ပ ဆေးပညာပေးပိုစတာပြိုင်ပွဲများနှင့်
ဆေးဘက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများတွင် ဆုရရှိခဲ့သည့် ဆေးဘက်သုတေသန ဆိုင်ရာ ပိုစတာများ
ကိုလည်းကောင်း၊ ကျောင်းစာကြည့်တိုက်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၄)နှင့် အမျိုးသမီးသူနာပြု
သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်း ဂုဏ်ပြု ညစာ စားပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment