Monday, December 26, 2016

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ရုရှားနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ


နေပြည်တော်  ဒီဇင်ဘာ ၂၆
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay Listopadov သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်မှုဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ Tyazhpromexport (TPE) ကုမ္ပဏီတို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အမှတ်(၂) သံမဏိ စက်ရုံ(ပင်းပက်)၏ စီမံကိန်းလုပ်ငန်းများ အမြန်ပြီးစီးရေးအတွက် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ (Pig Iron) သံစိမ်းများ စဉ်ဆက်မပြတ်ဆက်လက် ထုတ်လုပ်သွား နိုင်ရေးအတွက် ရုရှားနိုင်ငံ၏ အထောက် အပံ့ဖြင့် နည်းပညာလွှဲပြောင်းပေးရေး၊ ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ ဝန်ထမ်းများအား လေ့ကျင့် သင်ကြားပေး နိုင်ရေးကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment