Monday, December 26, 2016

အမြန်​လမ်းတွင်​ ALPHARD ​မော်​​တော်​ယာဉ်​ လမ်းယာဘက်​​ဘေးရှိ သဲများထည့်​ ထားသည့်​ တိုင်​ကီ အာဝင်​တိုက်


နေပြည်​​တော်၊ ဒီဇင်ဘာ ၂၆
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၃၅/၂ နှင့် ၃၃၅/၃ အကြား နေပြည်​​တော်ဘက်မှမန္တလေးဘက်သို့ယာဉ်​​မောင်း ကိုကိုနိုင် မောင်းနင်လာသော Alphard ယာဉ်သည်နေ့နံနက် ၆ နာရီ မိနစ်၄၀ က လမ်းယာ ဘက်​​ဘေးရှိ သဲများထည့် ထားသော တိုင်ကီအား ၀င်တိုက်မှုဖြစ်ပွားခဲ့သည်

ဖြစ်စဉ်​​ကြောင့် ယာဉ်မှာ အနည်းငယ်ပျက်စီးသွားခဲ့ပြီး ယာဉ်​​ပေါ်တွင်ယာဉ်​​မောင်း ပါရှစ်ဦးမှာဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ပေ။ သို့ပါ၍ ယာဉ်ကိုမဆင်မခြင်​​မောင်းနှင်သူ ယာဉ်​​မောင်း ကိုကိုနိုင်အား စကားအင်း အမြန်လမ်းရဲတပ်ဖွဲ့မှ အမှုဖွင့်စစ်​​ဆေးလျှက် ရှိကြောင်းသိရသည်
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)

No comments:

Post a Comment