Tuesday, December 27, 2016

ကျောက်ဆည်ခရိုင် ပြေးခုန်ပစ် အားကစားပြိုင်ပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၇
၂၀၁၇-ခုနှစ်၊ ဇန်န၀ါရီလ(၆)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပညာရေးစုံညီပွဲတော်ကျင်းပရေး အတွက် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဥ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့တို့မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/သူများအား ပြေးခုန်ပစ် အားကစားလူရွေးချယ်ပွဲကို ဒီဇင်ဘာလ    (၂၇) ရက် နံနက် (၈) နာရီက ကျောက်ဆည်မြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မူလတန်းကျောင်းသား၊ ကျောင်းသူများက ကစားနည်း(၅)မျိုးမှ    (မီတာ၅၀၊ ၇၅၊ ၁၀၀) အလျားခုန်၊ အမြင့်ခုန် ကစားနည်းများဖြင့်လည်းကောင်း၊ အလယ်တန်းကျောင်းသား/သူများက (မီတာ၁၀၀၊ ၂၀၀၊ ၄၀၀) အလျားခုန်၊ အမြင့်ခုန်များဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများက  (မီတာ၁၀၀၊၂၀၀၊၄၀၀) နှင့်အလျားခုန်၊ အမြင့်ခုန်များနှင့် လျံတံပစ်ကစားနည်းများ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment