Tuesday, December 27, 2016

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

တံတားဦး ဒီဇင်ဘာ  ၂၇ 
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်အမှတ် ၃၄၉/၄ နှင့် ၅ အကြားတွင် ဒီဇင်ဘာလ ၂၇ နံနက်(၁၀)နာရီ (၃၀) မိနစ် အချိန်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းစခန်း စခန်းမှူး ရဲအုပ်သိန်းဗိုလ် ဦးဆောင်ပြီးတပ်ဖွဲ့ဝင်များ အသိသက်သေအဖြစ် အမြန်လမ်းမီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဟိန်းသက်ဆွေနှင့် တပ်ဖွဲ့ဝင်များ အမြန်လမ်း အရေးပေါ်လူနာတင်အဖွဲ့မှ ဦးသန်းစိုးဝင်းနှင့် အဖွဲ့ဝင်များနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေး ကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ဓနုဖြူမြို့နယ် အမှတ်(၅၇) ဓနုသင်္ခလမ်း အမှတ်(၃)ရပ် ကွက်နေ ယာဉ်မောင်း စောဌေးမင်း(၃၅) နှစ်(ဘ) ဦးတင်ဝင်း မောင်းနှင်လာသည့် 9G/- - -  TOYOTA KLUGER ခဲရောင်ယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်၃၄၉/၄နှင့်၅ အကြားအရောက်တွင် လမ်းမကြီး၏အရှေ့ဘက်မှ အနောက်ဘက်သို့ ဖြတ်ကူးမောင်းနှင်သော တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာနေ ယာဉ်မောင်း မစန္ဒာ ထွန်း(၂၁)နှစ် (ဘ)ဦးမျိုးနိုင် မောင်းနှင်ပြီး တစ်ရွာတည်းနေ  မမို့မို့ဝင်း(၁၆)နှစ် (ဘ)ဦးဝင်းသန်း လိုက်ပါလာသော ၃၀ယ/- - -  New Anbo 125 အနက်ရောင် ဆိုင်ကယ်နှင့် ၀င်ရောက် တိုက်မိခဲ့ရာ စောဌေးမင်းတွင် ဒဏ်ရာတစ်စုံ တစ်ရာ ရရှိခြင်း မရှိဘဲ မစန္ဒာထွန်းတွင် ယာဂျိုစောင်းဖူးရောင် ယာမျက်ခုံးပေါက်ပြဲ နဖူးညိုမဲပွန်းပဲ့ ယာလက်မောင်း ပွန်းပဲ့ ယာဒူးပွန်းပဲ့စုတ်ပြဲ ၀ဲခြေဖမိုးကြေမွ ဒဏ်ရာများဖြင့်  အဆိုပါအခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မမို့မို့ဝင်းတွင် ၀ဲနဖူးပွန်းပဲ့ ၀ဲနားပေါက်ပြဲ ၀ဲလက်ကောက်ဝတ်နာကျင် ၀ဲခြေသလုံးနာကျင်ဒဏ်ရာများရရှိခဲ့သည်။     အဆိုပါဖြစ်စဉ်ကြောင့် 9G/- - -  TOYOTA KLUGER ခဲရောင်ယာဉ်တွင် ယာရှေ့မီးလုံးကွဲ ယာဘက်ရှေ့ပိုင်း ပိန့်ချိုင့်ရာ နောက်ကြည့်မှန် ကျိုးပဲ့ပျက်စီးခဲ့ပြီး ၃၀ယ/- - -  New Anbo 125 အနက်ရောင်ဆိုင်ကယ်တွင်ရှေ့ကာဘာ ဘေးကာဘာကွဲ အင်ဂျင်ပြုတ်ထွက် ညာလက်ကိုင် ကောက်သွားခဲ့သည်။
အမြန်လမ်းမကြီးပေါ်တွင် တက်ရောက်မောင်းနှင် ခွင့်မရှိသော မော်တော်ဆိုင်ကယ်အား မဆင်မခြင်တက်ရောက်မောင်းနှင်သူ မစန္ဒာထွန်းအား ဥပဒေအရ အရေးယူ ပေးပါရန် တာဝန်မှူး ရဲအုပ်ဖြိုးမောင် မောင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် စကားအင်း အမြန်လမ်း ရဲစခန်းယာဉ် (ပ)၅၉/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)


No comments:

Post a Comment