နေပြည်တော် ဒီဇင်ဘာ ၂၃
(၃၅)ကြိမ်မြောက် ပြည်တွင်းပုလဲ
ရောင်းချပွဲကို နေပြည်တော်၊ မြန်မာ့ ကျောက်မျက်ရတနာပြတိုက်၊
ရတနာဈေးထပ်၌ ပြပွဲနောက်ဆုံးနေ့အဖြစ် ဒီဇင်ဘာ (၂၃) ရက်နံနက်ပိုင်းတွင် တင်ဒါအမှတ် ၃ မှ ပုလဲအတွဲ ၁၃၅ တွဲအား အိတ်ဖွင့်တင်ဒါ
စနစ်ဖြင့် ရောင်းချခဲ့ရာတွင် ပုလဲအတွဲ ၁၁၅ တွဲ ရောင်းချခဲ့ရသဖြင့် တင်ပြပုလဲအတွဲ အပေါ်တွင်
၈၅ ရာခိုင်နှုန်း ရောင်းချ ရရှိခဲ့သည်။
အဆိုပါ ပုလဲပြပွဲတွင်
ပုလဲအတွဲစုစုပေါင်း (၄၀၆) တွဲကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ ပုလဲအတွဲ
၃၅၈ တွဲ ရောင်းချခဲ့ရသဖြင့် တင်ပြပုလဲအတွဲအပေါ် တွင် ၈၈ ရာခိုင်နှုန်း ရောင်းချရရှိခဲ့သည်။
ရောင်းချရရှိသော ပုလဲအတွဲ ၃၅၈ တွဲတွင် နိုင်ငံပိုင် ပုလဲအတွဲ ၂၇၆ တွဲ တန်ဖိုးငွေကျပ်
သန်းပေါင်း ၁၇၄၄ သန်း နှင့် ပုဂ္ဂလိကပိုင် ပုလဲအတွဲ ၈၂ တွဲ တန်ဖိုးငွေကျပ် သန်းပေါင်း
၈၆၁ သန်း စုစုပေါင်း တန်ဖိုးငွေကျပ် သန်းပေါင်း ၂၆၀၅ သန်း ဖြင့် ရောင်းချရရှိခဲ့သည်။
(၃၅) ကြိမ်မြောက်
ပြည်တွင်းပုလဲရောင်းချပွဲတွင် ပြည်တွင်းပုလဲကုမ္ပဏီနှင့်
ရတနာဆိုင် ၅၆ ခုမှ ကုန်သည် ၁၁၀ ဦး တက်ရောက်ဝယ်ယူအားပေးခဲ့သည်။
(၃၆)ကြိမ်မြောက် မြန်မာကျပ်ငွေဖြင့်
ပြည်တွင်းပုလဲရောင်းချပွဲကို ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၌ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
ပြပွဲနောက်ဆုံးနေ့သို့
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
သည် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲတွဲများရောင်းချနေမှုကို
ကြည့်ရှုအားပေး သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
ဒက္ခိဏသီရိမြို့နယ်ရှိ ၁၅ ဧက ကျောက်စိမ်းသိုလှောင်ရုံတွင် နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း၍
ကျောက်စိမ်းတူးဖော် ထုတ်လုပ်လျက်ရှိသော ရတနာတောင်တန်း ကျောက်မျက်ကုမ္ပဏီ၊ မက်လင်ချောင်
အကျိုးတူ(၂) လုပ်ကွက်မှထွက်ရှိသည့် ကျောက်စိမ်းရိုင်း(လုံးစွပ်)၊ အလေးချိန် (၁၈၈၇၀.၀၀)
ကီလိုကို ဖြတ်တောက် / အရောင်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း
သတင်းရရှိသည်။ (သတင်းစဉ်)

No comments:
Post a Comment