ရန်ကုန် ဒီဇင်ဘာ ၂၃
ရန်ကုန်ကလျာဏယုဝ ခရစ်ယာန်အသင်း၏
ခရစ်တော်မွေးဖွားရာ မွေးနေ့အကြို ညစာစားပွဲနှင့် ခံစားရသော ကောင်းကြီး မင်္ဂလာများကိုရေတွက်၍
ကျေးဇူးတော်ချီးမွမ်းခြင်း ညစာစားပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်ကလျာ
ဏယုဝခရစ်ယာန်အသင်း (YMCA) ၌ ယနေ့ ညနေပိုင်းကကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာ၊
ဟိန္ဒူဘာသာ၊ ဂျူးဘာသာ၊ အာမေနီယံဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဘဟာအီဘာသာ အသီးသီးတို့မှ
သာသနာ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အသီးသီးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ မဟုတ်သော
အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်အတွက်
အထူးဆုတောင်းခြင်း၊ သမ္မာကျမ်းစာတော်မြတ် ဖတ်ကြားခြင်း၊ မွေးနေ့တော် သတင်းကောင်း မျှဝေခြင်း၊
ကောင်းကြီးပေးခြင်းစသည့် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များကို သိက္ခာတော်ရ ဆရာတော် များက ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးက
ခရစ်တော်၏မွေးနေ့တော်အတွက် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ဘာသာပေါင်းစုံ
ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က မွေးနေ့တော်အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးစကား
ပြောကြားသည်။
ထို့နောက် ဓမ္မတေးသီချင်းများ
အတူတကွ သီဆို၍ အသင်းမှတည်ခင်းသော ညစာသုံးဆောင်ပြီး အောက်မြန်မာပြည် မက်သဒစ်အသင်းတော်
ဂိုဏ်းချုပ်ဆရာတော် ဦးလူအေးက ဆုတောင်းကောင်းကြီးပေး၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment