ရန်ကုန် ဒီဇင်ဘာ ၂၃
၂၀၁၆ ခုနှစ် ပညာတန်ဆောင်
စာပေပြိုင်ပွဲ ဆုနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းပညာရေးကောလိပ်ရှိ
မြတ်ပညာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး
တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်း
များ အရည်အသွေးမြင့်မားရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ထာဝရလေ့လာ
သင်ယူမှုများကို ပြုလုပ်နေကြရမည်ဖြစ်ပြီး ကိုယ်တိုင်သင်ယူချင်စိတ်ရှိမှသာ ကျောင်းသား
ကျောင်းသူများကို သင်ယူချင် စိတ်ရှိလာစေရန် စာသင်ခန်းပြင်ပတွင်လည်း ဆက်လက်ပညာတိုးပွားစေရန်နှင့်
အသိဥာဏ်ရင့်ကျက်စေရန် ဆက်လက် သင်ယူချင်စိတ်ရှိရန် မုချဆောင်ကြဉ်းပေးကြရမည်ဖြစ်ပါကြောင်း၊
လူတိုင်း ကိုယ်တိုင် လေ့လာသင်ယူမှုများ ပြုလုပ်ကြ ရမည်ဖြစ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်တက်သည့်
အလေ့အကျင့်ကို ပြုစုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ အားလုံး ၀ိုင်းဝန်းပူးပေါင်းလေ့လာပြီး
လုပ်ကိုင်မှသာ သုတေသနလုပ်ငန်းများလုပ်သည့် အခါမှသာ အောင်မြင်စွာပြုလုပ်နိုင် မည်ဖြစ်ပါကြောင်း၊
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ခေါင်းဆောင်ကောင်းများနှင့် နောက်လိုက်ကောင်းများလည်း
လိုအပ်ပါ ကြောင်း၊ ကောင်းမွန်သော ယှဉ်ပြိုင်မှုဖြစ်ရန် လိုအပ် ပါကြောင်းနှင့် ပညာရေးကဏ္ဍ
တိုးတက်ကောင်းမွန်လာစေရန် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အားလုံးဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဒေါက်တာဦးသန်းဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက စာပေပြိုင်ပွဲ(၇) မျိုးတွင် ဆုရရှိကြသူများ၊
ပညာတန်ဆောင်ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများ၊ ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ဆရာကြီးများ၊
စာပေဗိမာန်စာမူဆုရရှိ သူများ၊ ပညာတန်ဆောင်လက်ရွေးစင် ထူးချွန်ဆု ရရှိသူများ၊ မဂ္ဂဇင်းဖြန့်ချိမှု
ထူးချွန်ဆုရရှိသူများ၊ ပညာတန်ဆောင် စာပေပြိုင်ပွဲဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြရာ
ဆုရရှိကြသူများကိုယ်စား ဆရာမ တစ်ဦးနှင့် ကျောင်းသူတစ်ဦး တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား
ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်
ကြောင်း သိရသည်။
(ပညာရေး)

No comments:
Post a Comment