Monday, December 19, 2016

မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနား မုဒုံမြို့တွင် ပြုလုပ်ကျင်းပ

မုဒုံ      ဒီဇင်ဘာ          ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့တွင် မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာလ၊ (၁၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မုဒုံမြို့၊ ရွှေဟင်္သာခန်း ပြုလုပ်ကျင်းပသည်။

တွေ့ဆုံပွဲတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးအောင်မြင့်ခိုင်မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့အသံကို ပံ့ပိုးကူညီလျှက်ရှိသည့် မြန်မာ့အသံချစ်သူအဖွဲ့ဝင် သတင်းထောက်(၃)ဦးနှင့် အဓိကပံ့ပိုးကူညီသည့် မြန်မာ့သြဘာလုပ်ငန်းစု ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းတင်ဆက်ခြင်း၊  မြန်မာ့သြဘာကြော်ငြာ ဗီဒီယိုပြသခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မင်းထက် (မုဒုံ)

No comments:

Post a Comment