Monday, December 19, 2016

လှိုင်းဘွဲမြို့တွင် ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းပြုလုပ်ပေး

လှိုင်းဘွဲ   ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် မရှိသေးသော ပြည်သူများအား ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ဒုတိယဦးစီမှူး ဦးစောကျော်လွင်ဦး ဦးဆောင်သော အဖွဲ့မှ လိုင်စင်များ သက်တမ်း တိုးပေးခြင်း၊ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်းများကို မြို့နယ်အောင်ဆန်းခန်းမ၌ ဒီဇင်ဘာ(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့ က ကွင်းဆင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လိုင်စင်ပြုလုပ်ရာတွင် နှစ်ရက်အတွင်း ကားလိုင်စင်သက်တန်းတိုး (၁၀)စီး၊ ဆိုင်ကယ်လိုင်စင်သက်တန်းတိုး (၁၆၄)စီး၊ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် (၁၁၁၉)စီး ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment