နေပြည်တော်၊ ဒီဇင်ဘာ(၁၈)
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
တွင် မြန်မာပီတန်းအသင်း အောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ အာရှပီတန်းအဖွဲ့ချုပ်နှင့်
မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် 20th Asian
Petanque Championship 2016
ပြိုင်ပွဲကို ပီတန်း
အားကစားကွင်း၌ ယနေ့ဆက်လက်ကျင်းပရာ ယနေ့ ပွဲစဉ်အဖြစ် Triple Shooting ပြိုင်ပွဲများ
ကိုယှဉ်ပြိုင်ကစားကြပါသည်။
ယနေ့ပွဲစဉ်များအဖြစ် Junior Triple ပြိုင်ပွဲ၊
Men's Triple ပြိုင်ပွဲ၊ Women's Triple ပြိုင်ပွဲ၊ Nation's Cup For Men's Triple
ပြိုင်ပွဲနှင့် Nation's Cup For Women's Triple ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြပြီး
Women's Triple ပြိုင်ပွဲတွင် မြန်မာ(B)အသင်းနှင့် ထိုင်း(B)အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ
မြန်မာ(B)အသင်းမှ (၁၃)မှတ် (၃)မှတ်ဖြင့်လည်းကောင်း၊ Nation's Cup For Women's
Triple ပြိုင်ပွဲတွင် မြန်မာ(A)အသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာ(A)အသင်းမှ
(၁၃)မှတ် (၁၁)မှတ်ဖြင့်လည်းကောင်း အနိုင်ရဗိုလ်စွဲ ခဲ့သည်။
ပြိုင်ပွဲများအပြီးဆုပေးပွဲအခမ်းအနားကို
ကျင်းပရာ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦးမှ
Nation's Cup For Men's Triple Winner ဆုကို မလေးရှားအသင်းအားလည်းကောင်း၊ မြန်မာပီတန်းအဖွဲ့ချုပ်
ဒုတိယဥက္ကဌ Nation's Cup For Women's Triple Winner ဆုကို မြန်မာ(B)အသင်းအားလည်းကောင်း
ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ Junior Triple ပြိုင်ပွဲတွင် ပထမဆုရ
ထိုင်း(A)အသင်း၊ ဒုတိယဆုရ ကမ္ဘောဒီးယားအသင်းနှင့် ပူးတွဲတတိယဆုရ ထိုင်း(B)အသင်းနှင့်
တရုတ်တိုင်ပေအသင်းတို့အား မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် ဥက္ကဌ ဦးအေးထွန်းမှလည်းကောင်း၊
Men's Triple ပြိုင်ပွဲတွင် ပထမဆုရ ထိုင်း(A)အသင်း၊ ဒုတိယဆုရ လာအိုအသင်း၊ ပူးတွဲတတိယဆုရ
ထိုင်း(B)အသင်းနှင့် ကမ္ဘောဒီယား အသင်းတို့အား အာရှပီတန်းအဖွဲ့ချုပ် အတွင်းရေးမှူး Dr.
Meas Sarlin မှလည်းကောင်း၊ Women's Triple ပြိုင်ပွဲတွင် ပထမဆုရ မြန်မာ(B)အသင်း၊ ဒုတိယဆုရ
ထိုင်း(B)အသင်း၊ ပူးတွဲတတိယဆုရ ထိုင်း(A)အသင်းနှင့်
ကမ္ဘောဒီးယားအသင်းတို့အား မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် အမှုဆောင်နာယက ဦးသိန်းဝင်းမှလည်းကောင်း
ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment