Monday, December 26, 2016

လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး ပညာပေး ဟောပြောပွဲ ကျင်းပ

ဖယ်ခုံ     ဒီဇင်ဘာ ၂၆
ဖယ်ခုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ (ဒီဇင်ဘာလ ၂၆ ရက်နေ့) နံနက် ၁၀ နာရီက ဖယ်ခုံမြို့ ဟိန်ဓမ္မရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နုနုခိုင်က အဖွင့် အမှာစကား ပြောကြားပြီး ဖယ်ခုံမြို့မစခန်းမှူး ဒုရဲမှူးသိန်းဆွေက လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နှင်းရေးဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမင်းသိန်းက လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နုနုခိုင်နှင့် အဖွဲ့ဝင်/ အသင်းဝင်များ၊ ဖယ်ခုံမြို့မစခန်းမှူး ဒုရဲမှူးသိန်းဆွေနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ရပ်မိရပ်ဖများ စုစုပေါင်း အင်အား(၁၀၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment