ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၆
၂၀၁၆ခုနှစ်၊
မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ် အုပ်ချုပ်ရေးမှူး
ဖလားဖူဆယ် (ဘောလုံး)နှင့် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊
မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ဒီဇင်ဘာ(၂၄)ရက်မှ စတင်ကျင်းပလျက်ရှိသည်။
အဆိုပါပြိုင်ပွဲများသို့
ကရင်ပြည်နယ်၊ အားကစားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက အလှူငွေကျပ် (၁၅)သိန်းနှင့်
အားကစားပစ္စည်းများ ထောက်ပံ့ခဲ့ပြီး ပြေးခုန်ပစ်ပြိုင်ပွဲများအတွက် ဆုများကို ဒီဇင်ဘာ(၂၆)ရက်တွင်
ချီးမြှင့်ခဲ့သည်။
ဖူဆယ်(ဘောလုံး)ပြိုင်ပွဲကို
အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂)ရက်နေ့ ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
မြို့နယ်
(ပြန်/ဆက်)

No comments:
Post a Comment