နေပြည်တော် ဒီဇင်ဘာ ၂၃
ခရစ္စမတ်ပွဲတော်နှင့်
ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
နေအိမ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ အခမ်းအနားတွင် သိက္ခာတော်ရဆရာတော် DR. J.
Ral Buai က ဓမ္မဂုဏ်တော်ချီးမွမ်းပြီး ဆုတောင်းမေတ္တာပို့သသည်။
ထို့နောက် နိုင်ငံတော်သမ္မတ
ဦးထင်ကျော်က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် Jesse Van Bawi နှင့်
Jennifer Par တို့က တေးသီချင်းဖြင့် ဘုရားသခင်၏ဂုဏ်တော်အား ချီးမွမ်းသီဆိုကြသည်။ ထို့နောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ ပေးပို့သည့် ခရစ္စမတ်နှုတ်ခွန်း ဆက် သ၀ဏ်လွှာကို
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဖတ်ကြားသည်။
ယင်းနောက် ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူက ခရစ္စမတ်နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် သိက္ခာတော်ရဆရာတော်
စိုင်းကျော်တင့်က ခရစ္စမတ်ဒေသနာတော်ကို ဟောကြားပြီး သိက္ခာတော်ရဆရာတော် ဒေါက်တာအောင်မန်းက
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအတွက် မေတ္တာပို့ ဆုတောင်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခရစ်တော်မွေးနေ့ မိတ်သဟာ ယညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက ခရစ္စမတ် တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ
ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး
ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊
အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့်
၎င်းတို့၏ဇနီးများ၊ လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရစ်ယာန်
အသင်းတော်များမှ သင်းအုပ်ဆရာတော်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်
ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment