Sunday, December 25, 2016

ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ပုံမှန် သွားလာလျက် ရှိသည့် ယာဉ်များအား လက်နက်ကိုင် အဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်



နေပြည်တော် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ပုံမှန် သွားလာလျက် ရှိသည့် ယာဉ်များအား ယနေ့နံနက် ၉ နာရီခွဲခန့်တွင် KIA လက်နက်ကိုင် အဖွဲ့ အင်အား ၅ ဦးခန့်မှ မန်လွယ်ကျေးရွာ၏ အရှေ့ဘက်မီတာ ၅၀၀ ခန့် အကွာမှနေ၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၅ ဦးအား လက်နက်ကြီး ကျည် ထိမှန် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသူများအား တပ်မတော် စစ်ကြောင်းများက ဆေးဝါး ကုသနိုင်ရေး အတွက် ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်သို့ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment