သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ ကန်တော်ကြီး
ရေဝေရေလဲ ကြိုးပြင် ကာကွယ်တောအား သွားရောက် ကြည့်ရှု စစ်ဆေးရာ ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့၊
သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံ (တိုင်းဒေသကြီး၊
ကန်တော်ကြီးရေကန်၊ ရေသန့်စင်ရေး တွေ့ဆုံ ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ)နှင့်အတူ ကန်တော်ကြီး
ကြိုးပြင် ကာကွယ်တော အတွင်း တည်ထောင် ထားရှိသည့် ရာဘာစိုက်ခင်းများ လုပ်ငန်း ဆောင်ရွက်
ထားရှိမှု အခြေအနေ၊ ကန်တော်ကြီး ရေသန့်စင်မှုအပေါ် သက်ရောက်နိုင်မှု အခြေအနေ၊ သဘာဝ တောကျန်
အခြေအနေ များအား ကြည့်ရှု စစ်ဆေးပြီး ကန်တော်ကြီး ရေကန်၊ ရေဝေရေလဲဒေသ ထိန်းသိမ်းရေး
ကိစ္စများ ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊
ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ပဲခူးမြို့၊ ကန်တော်ကြီးရေကန်၊ ရေသန့်စင်ရေးနှင့်
ပတ်သက်၍ တွေ့ဆုံညှိနှိုင်းရေး ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ
ဌာနများနှင့် ရေဝေရေလဲဒေသ ထိန်းသိမ်းရေး အတွက် ဆွေးနွေး ညှိနှိုင်းကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment