Monday, December 26, 2016

(၇၉)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ပြုလုပ်ကျင်းပ

မော်လမြိုင်      ဒီဇင်ဘာ         ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၇၉)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကို မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း View Point ဒီဇင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၈) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲကို တောင်ရိုးတန်းလမ်း View Point မှ စတင်ထွက်ခွာပြီး ကျိုက်မရောမြို့ရှိ View Point အထိ ယှဉ်ပြိုင်ခဲ့ကြရာ အသက်(၄၀)အောက် ပထမဆုကို ရဲကိုထက်၊ ဒုတိယဆုကို ကောင်းထက်အောင်၊ တတိယဆုကို စည်သူ တို့မှ ရရှိခဲ့ပြီး၊  အသက်(၄၀)နှစ်အောက်နှင့် အသက်(၄၀)နှစ်အထက်တို့အား နှစ်သိမ့်ဆု (၁၀)ဆုစီနှင့် အသက်(၆၀)နှစ်အထက် နှစ်သိမ့်ဆု(၃)ဆု၊ မျိုးဆက်သစ်နှစ်သိမ့်ဆု (၃)ဆုတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းရင်းသားဝန်ကြီး ဦးအောင်မြင့်ခိုင်နှင့် တာဝန်ရှိသူများမှ ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment