Monday, December 26, 2016

ဆိပ်ဖြူမြို့နယ်တွင် စားသုံရန်မသင့်သည့် အစားအစာများရောင်းချမှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဆိပ်ဖြူ   ဒီဇင်ဘာ  ၂၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြို့နယ်စည်ပင်ယာယာရေး အဖွဲ့ပိုင် ပတ္တမြားဈေးတွင် ရောင်းချက်လျက်ရှိသည့် ဈေးဆိုင်များတွင် ဒေသခံပြည်သူအများအတွက် ဓာတုဆေးဝါးများသုံးစွဲ၍ စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချမှုမရှိစေရေးနှင့် အသိပညာပေး            လုပ်ငန်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၉နာရီတွင် ကွင်းဆင်း ဆောင်ရွက်သည်။

ဒေသခံပြည်သူအများအစားအစာများ လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ထုတ်ကုန် လုံခြုံစိတ်မှု ရှိ မရှိ သတိပြု စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဓာတုဆေးဝါးများကို အသုံးပြု၍ စားသုံးရန်           မသင့်သည့် (တားမြစ်) အစားအစာများ ရောင်းချမှု မရှိစေရေး တို့ကို ကွင်းဆင်းစစ်ဆေး အသိပညာပေး လုပ်ငန်းများကို  ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီမှူး ဦးဇော်နေလင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ဇံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်း ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ကွင်းဆင်းစစ်ဆေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ဒေသခံပြည်သူများအား သတင်းစာများတွင် ကြော်ငြာ ထားသည့် စားသုံးရန်မသင့်သည့် အစားအစာများ အသိပညာပေး စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို အသိပေးဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)          

No comments:

Post a Comment