Wednesday, December 28, 2016

မင်းဘူးမြို့တွင် ရွှေ့လျားဆေးကုသ ယာဉ်ဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပေးခြင်းဆောင်ရွက်


မင်းဘူး            ဒီဇင်ဘာ            ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် သုခမင်္ဂလာ ဆေးခန်းတို့ ပူးပေါင်း၍ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနများရှိ အာမခံ အလုပ်သမားများအား ရွှေ့လျား ဆေးကုသယာဉ် (MMU) ဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပေးခြင်းကို ဒီဇင်ဘာလ ၂၇ရက်နေ့က မြို့နယ် လျှစ်စစ်ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကုသယာဉ်တွင်  မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်လွင်လွင်ခိုင်နှင့် တာဝန်ခံ ဆရာဝန် ဒေါက်တာ ကောင်းခန့်ဝေတို့ ဦးစီးသော အဖွဲ့ဝင်(၇)ဦးနှင့် ရွှေ့လျားဆေးကုသယာဉ် ဒေါက်တာ ရဲမင်းအောင် ဦးဆောင်သည့် ဆေးကုသ၀န်ထမ်း (၁၂)ဦးတို့ လိုက်ပါခဲ့ကြပြီး လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနများရှိ အာမခံအလုပ်သမား (၁၅၀)ဦးအား အခမဲ့ဆေးကုသ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင်ဒီဇင်ဘာလ(၂၆)ရက်နေ့က ထန်းကိုင်းရေနံမြေမှ အာမခံအလုပ်သမား (၉၁)ဦးအား အခမဲ့ ဆေးကုသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖိုးပြည့်

No comments:

Post a Comment