Tuesday, December 27, 2016

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မူကြိုကလေးများအား အားကစားပြိုင်ပွဲများ ကျင်းပပေး

မြစ်သား ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို မူကြိုကလေးများအား အား ကစားပြိုင်ပွဲများကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

̏ဒီပြိုင်ပွဲရဲ့အဓိက လုပ်တဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကို ပျော်စေချင်တယ်၊ လူအများနဲ့ စုပေါင်း ဆောင်ရွက်တဲ့ စိတ်ဓာတ်တွေ၊ ရိုင်းပင်းကူညီတက်တဲ့ စိတ်ဓာတ်တွေ၊ အနိုင်အရှုံးက သာမည၊ ယှဉ်ပြိုင်ခြင်းက အဓိကဆိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းသွားစေချင်တာပါပဲ˝ဟု မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥကဌ ဒေါ်စန်းမြင့်က ပြောပြခဲ့သည်။
၂၅မီတာ အပြေးပြိုင်၊ အားလူးကောက်၊ မုန့်ကိုက်ပြေးပြိုင်ပွဲတို့ မူကြိုကလေးများပါဝင်ကြပြီး၊ မြို့နယ် အားကစား နှင့် ကာယပညာဦးစီးအရာရှိ ဒေါ်မော်မော်ဝင်းနှင့်အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်ကြကာ ဆုများကို လွတ်လပ်ရေးနေ့တွင် ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်) 

No comments:

Post a Comment