Thursday, December 15, 2016

သမိုင်းဝင် ဆင်ပင်တုပ်လှမ်း စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်

တံတားဦး ဒီဇင်ဘာ ၁၅

တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး တိုးလွင်၏ ဦးဆောင်ဖြင့် တံတားဦးမြို့နယ် တောင်ပြုံးကျေးရွာအနီး သက္ကရာဇ် ၄၇၄ ခုနှစ်တွင် အလောင်းစည်သူမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော သမိုင်းဝင် ဆင်ပင်တုပ်လှမ်း စေတီတော်ကြီး ရွှေထီးတော်တင် လှူပူဇော်ခြင်းကို ဒီဇင်ဘာလ ၁၅ ရက် နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါစေတီတော်မြတ်ကြီးမှာ ဥာဏ်တော်အားဖြင့် ၇၅ ပေရှိပြီး ဂေါစရဂါမ်(၁၃)ရွာ တည်ရှိပါကြောင်း ယခင်က စေတီတော်မြတ်ကြီးသည် ယိုယွင်းပျက်စီးနေဖြင့် ယခုအခါ အသစ်တဖန် ပြန်လည်မွမ်းမံရာတွင် အလှူရှင် ရန်ကုန်မြို့ (ဦးထွန်း+ဒေါ်ပို)တို့အား ရည်စူးပြီး သမီး မအေးအေးနု "ထွန်းစတား" ရွှေဆိုင်မိသားစုတို့မှ ပြန်လည် ပြုပြင်မွမ်းမံပြီး ရွှေထီးတော်အသစ် ပြန်လည်တင်လှူ ပူဇော်ခြင်း ဖြစ်ကြောင်း ဘုရားဂေါပက ဦးသိန်းဟန်က ပြောကြား၍ သိရသည်။

ရွှေထီးတော်တင်လှူပူဇော်ရာတွင် ရှေးဦးစွာ ရွှေထီးတော်ကို တင်လှူပူဇော်မည့် သမိုင်းဝင် ဆင်ပင်တုပ်လှမ်း စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ကြွရောက်တော်မူကြကုန်သော ဆရာတော်သံဃာတော်များက အနေကဇာတင်လှူပူဇော်ကြပြီး ရွှေတော်ကြီးကို ဘုံအဆင့်အလိုက် ပန်းရထားဖြင့် ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

ထို့နောက် ရွှေထီးတော်တင်လှူခြင်း အခမ်းအနားအား နမောတဿ သုံကြိမ် ရွတ်ဆိုပြီးဖွင့်လှစ်ရာ ဒါယကာ ဒါယိကာမများက မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ထံမှ ငါးပါးသီလခံယူ နိုင်ငံတော်ဗဟိုဝန်ဆောင် တောင်ပြုံး ပညာပါရမီရွှေကျောင်းဆရာတော်မှ သြ၀ါဒကတာ ချီးမြင့်တော်မူ၍လည်းကောင်း  သမိုင်းဝင် ဆင်မင်းတုပ်လှမ်း စေတီတော်ကြီး၏ ဂေါပကအဖွဲ့များက ရွှေထီးတော်အလှူရှင်အား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
ဆက်လက်၍ တံတားဦးမြို့နယ်  သြ၀ါဒစရိယ မေဃ၀န်ဆရာတော်မှ ရေစက်ချ အနုမောဓနာတရား ချီးမြှင့် ပေးသနားတော်မူခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment