Tuesday, December 27, 2016

ကျောက်သင်ပုန်း အသုံးပြုမှုနည်းပါးသော်လည်း စီးပွားရေးလုပ်ငန်း အဖြစ်ဆက်လက်လုပ်ကိုင်လျက်ရှိ

ချောင်းဆုံ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာတွင် ထွက်ရှိသည့် ကျောက်သင်ပုန်းသည် အသုံးပြုမှုနည်းပါးသော်လည်း အိမ်တွင်းမှု စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကျွန်တော်တို့ မုဒွန်းကျေးရွာမှာဆို ယခင်က တစ်ရွာလုံးနီးပါး ကျောက်သင်ပုန်း လုပ်ငန်းဖြစ် အသက်မွေးဝမ်းကျောင်းပြု ကြတယ်။ ယခုအခါ ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူမှာ (၂၀)ဦး ပတ်ဝန်းကျင်သာရှိတော့တယ်။ အသုံးပြုမှု နည်းပါးလာမှုနှင့် ဈေးကွက်ဝင်ရောက်မှု လျော့နည်း လာခြင်းကြောင့် ဖြစ်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းနေတဲ့အ ခါကျောက်သင်ပုန်း ကျောက်တန် ကိုပဲ အသုံးပြုခဲ့ရတယ်။ အခုတော့ ကျောက်သင်ပုန်းကို မူလတန်းက ဒုတိယတန်းအထိကလေးများသာ အနည်းငယ်အသုံးပြုကြပြီး အရောင်းအ၀ယ် ပါးလာသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် တွက်ခြေမကိုက် ဖြစ်နေရခြင်း၊ အလုပ်သမားရှားပါးပြီး လုပ်ခ များပြားခြင်း ကြောင့်ဖြစ်တယ်။
ကျောက်သင်ပုန်းဈေးနှုန်းမှာ အမျိုးအစားအလိုက်ဈေးအမျိုးမျိုး ရှိတယ် အနိမ့်ဆုံးဈေးမှာ (၈၀၀ိ/-) မှ (၃၀၀၀၀ိ/-) ကျပ်ထိရှိကြောင်း တစ်နှစ် ၀င်ငွေမှာ အရင်း သိန်း(၅၀) ထုတ်လျှင် သိန်း(၂၀)ပတ်ဝန်းကျင် ခန့် မိမိအတွက် ကျန်ရှိကြောင်း ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်နေသူ ဦးအောင်မိုးနိုင်က ပြောသည်။
ယခုအချိန်မှာ နိုင်ငံခြားသားများကလည်း နေ့စဉ်နှင့်အမျှ ကျောက်သင်ပုန်းကို လာရောက်လေ့လာ ၀ယ်ယူခြင်းများ ရှိနေ သေးသည့်အတွက် မိရိုးဖလာ ကျောက်သင်ပုန်းလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအနေဖြင့် ဆက်လက် လုပ်ကိုင်လျှက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)          

No comments:

Post a Comment