Tuesday, December 27, 2016

ကျောင်းကုန်းမြို့တွင် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားစွမ်းရည်ဖော်ထုတ်ပွဲကျင်းပ

ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အားကစား စွမ်းရည်ဖော်ထုတ်ပွဲကို အ.ထ.က(၁)ကျောင်း ဘောလုံးကစားကွင်းတွင်  ဒီဇင်ဘာ ၂၆ ရက်နေ့မှစတင်၍  ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည်။
မူလတန်းအဆင့်တွင် မီတာ ၅၀၊မီတာ ၇၅၊ မီတာ၁၀၀၊ အလျားခုန်၊ အမြင့်ခုန် ယှဉ်ပြိုင်ခဲ့ကြပြီး၊ အလယ်တန်းဆင့်တွင် မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၁၀၀ လက်ဆင့်ကမ်း၊ အလျားခုန်၊ အမြင့်ခုန်  ၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ် ယှဉ်ပြိုင်ခဲ့ကြသည်။

အထက်တန်းဆင့်တွင် မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၁၀၀ လက်ဆင့်ကမ်း၊ မီတာ ၄၀၀ လက်ဆင့်ကမ်း၊ အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ် စသည့် ကစားနည်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲမှ မူလတန်းဆင့် ကျား ၃ ဦး၊ မ ၃ ဦး၊ အလယ်တန်းဆင့် ကျား ၅ ဦး၊ မ ၅ဦးနှင့် အထက်တန်းဆင့်တွင် ကျား ၆ ဦိး၊ မ ၆ ဦး ၊ စုစုပေါင်း (၂၈)ဦး ရွေးချယ်ကာ ဒီဇင်ဘာ  ၃၁ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်နေ့အထိ ဧရာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် ဧရာဝတီတိုင်း ဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ စုံညီပွဲတော် အားကစားစွမ်းရည်ဖော်ထုတ်ပွဲတွင် ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment