Tuesday, December 27, 2016

ကံကောင်း-အရာတော်လမ်းရှိ ရေကျော်တံတားတည်ဆောက်ပြီးစီးပါက ဒေသခံများ ရာသီမရွေး သွားလာနိုင်တော့မည်

မိတ္ထီလာ ဒီဇင်ဘာလ ၂၇
မိတ္ထီလာမြို့နယ်အတွင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် သွားလာမှု လွယ်ကူစေရန် လမ်းတံတားများတည်ဆောက်ခြင်းလုပ်ငန်း၊ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အဝီစိတွင်းများ တူးဖော်ခြင်းလုပ်ငန်းနှင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကံကောင်း-အရာတော်လမ်းပေါ်ရှိ ချောင်းအား ဒီဇင်ဘာလ ပထမပတ်မှ စတင်၍  ရေကျော်တံတားတည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကံကောင်း-အရာတော်လမ်းပေါ်ရှိချောင်းအား ရေကျော်တံတားကို ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ဇမ္ဗူရာဇ်ပုလဲကုမ္ပဏီမှ တာဝန်ယူ၍အရှည် ၈၀ပေ ၊အကျယ် ၃၀ ပေရှိ ရေကျော်တံတားတည်ဆောက်နေမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးဇော်မြင့်နှင့် အင်ဂျင်နီယာအဖွဲ့များမှ ဒီဇင်ဘာလတတိယအပတ်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
၎င်းရေကျော်တံတားတည်ဆောက်ပြီးစီးပါက အဆိုပါလမ်းကိုအသုံးပြုနေသည့် ကံကောင်းကျေးရွာ၊ အရာတော် ကျေးရွာများမှ ဒေသခံများမိုးရာသီတွင် ချောင်းဖြတ်ကူးရတာ အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး ယခုနှစ် မိုးရာသီတွင် မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် ချောင်းရေစီးမှု စဉ်ဆက်မပြတ် စီးဆင်းနေ၍ချောင်းဖြတ်ကူးရာတွင် လူနှင့် ကျွဲ၊ နွား၊ ဆိတ်စသည့် တိရိစ္ဆာန်များသွားလာမှု အခက်အခဲဖြစ်ပေါ်လျက်ရှိရာ ယခုလိုချောင်းဖြတ်ကူးရန် ဇမ္ပူရာဇ်ပုလဲ ကုမ္ပဏီမှ တာဝန်ယူ၍ ရေကျော်တည်ဆောက်ပေးလျက်ရှိရာ ၎င်းရေကျော်တံတား တည်ဆောက်ပြီးစီးပါက ဒေသခံများ ရာသီမရွေးအဆင်ပြေစွာသွားလာနိုင်တော့မည်ဖြစ်ကြောင်း အရာတော်ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment