Thursday, December 29, 2016

ဘီးလင်းမြို့နယ်၌ ကရင်နှစ်သစ်ကူးပွဲတော် စည်ကားစွာ ကျင်းပ

ဘီးလင်း ဒီဇင်ဘာ ၂၉
သထုံခရိုင် ဘီးလင်းမြို့နယ်၌ နှစ်စဉ်ကျင်းပလျက်ရှိသော ကရင်နှစ်သစ်ကူးပွဲတော်ကို မဲလံဆံတော်ဘုရား တောင်ခြေရင်း၌ ဒီဇင်ဘာ ၂၈ ရက် ည ၆ နာရီက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး၊ ကရင်တိုင်ရင်းသားရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ KNU တပ်မဟာ (၁) မှ တပ်မဟာမှူး ဦးစောကျော်လင်းနှင့် တာဝန်ရှိသူတို့က အမျိုးသားနှစ်သစ်ကူး မင်္ဂလာမုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများကို ဘီးလင်းမြို့နယ်အတွင်းရှိ ကရင်ဒုံးအဖွဲ့ (၁၀) မှ ကရင်ရိုးရာ အကများဖြင့်  ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ကရင်နှစ်သစ်ကူးပွဲတော်ကို ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် ကရင်းရိုးရာအကကို ချစ်မြတ်နိုးအားပေးကြသူများ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း အင်းအား ၅၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ထူးနောင်(ဘီးလင်း-ပြန်/ဆက်)

No comments:

Post a Comment