Thursday, December 29, 2016

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ဂန့်ဂေါ ဒီဇင်ဘာ ၂၉
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ဂန့်ဂေါမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ကျောင်းသား/ကျောင်းသူ ၁၄ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။



ကဗျာပြိုင်ပွဲတွင် စည်ပင်သာယာ အလက(ခွဲ) ဆဌမတန်းမှ မဖြိုးမြတ်မြတ်သင်းက ပထမ၊ ကျောတိုက် အလက(ခွဲ) ပဉ္စမတန်းမှ မရွှန်းလဲ့ဦး က ဒုတိယ၊ အမှတ်(၂) အထက နဝမတန်းမှ မမြတ်သက်ခိုင်က တတိယ ဆုများကိုလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောတိုက် အလက(ခွဲ) ပဉ္စမတန်းမှ မကြည်ဟေမာန်လွင်က ပထမ၊ အမှတ်(၂) အထက နဝမတန်းမှ မောင်ကောင်းမင်းဆက် က ဒုတိယ၊ အမှတ်(၂) အထက ဒသမတန်းမှ မဝင်းလဲ့ဖြိုးက တတိယဆုများကိုလည်းကောင်း၊ မြောက်ကုန်း အလက ဒုတိယတန်းမှ မောင်စမိုင်းမျိုးသန့််က အထူးဆုကိုလည်းကောင်း အသီးသီးရရှိကြရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေး တို့က ဆုများချီးမြှင့်ပြီး ယှဉ်ပြိုင်ဆုများ ဆက်လက်ချီးမြှင့်သည်။

ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပုံပြော ပြိုင်ပွဲ၊ ပုံတူဆွဲပြိုင်ပွဲ၊ ပုံတူဆွဲဆေးရောက်ခြယ်ပြိုင်ပွဲတို့ အဆက်မပြတ် ကျင်းပလျှက်ရှိရာ စေတနာရှင်များက ဆုချီးမြှင့်ခြင်း အပါအဝင် လုပ်ငန်းလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျှက်ရှိရာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသည့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲအတွက် ဆုချီးမြှင့်နိုင်ရန် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝေလင်းထွန်း က လှူဒါန်းကြောင်းသိရသည်။
ဂန့်ဂေါခရိုင် (ပြန်/ဆက်)

No comments:

Post a Comment