မုဒုံ ဒီဇင်ဘာ ၂၆
မွန်ပြည်နယ်၊
သံဖြူဇရပ်မြို့တွင် မုဒုံမြို့နှင့် သံဖြူဇရပ်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ရုံးများတွင်
အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချပွဲကို ဒီဇင်ဘာလ၊ (၂၆)ရက်နေ့၊ နံနက်(၁၀)
နာရီ အချိန်က သံဖြူဇရပ်မြို့၊ ကျောင်းပိုင်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
လေလံတင်ရောင်းချပွဲတွင်
အရပ်ရပ်အခွင့်အရေး လိုင်စင် (၂၄) မျိုးအတွက် လေလံတင် ရောင်းချ ရရှိငွေမှာ စုစုပေါင်း
ငွေကျပ် (၂၈၁၉ .၁)သိန်း ဖြစ်ကြောင်း၊ အလားတူ ယင်းနေ့ (၁၀) နာရီ (၅) မိနစ် အချိန်မှ
(၁၂) နာရီ (၃၀) မိနစ် အချိန်ထိ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်
အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ
လေလံတင်ရောင်းချပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
ဝန်ကြီး ဒေါက်တာမင်းဝင်းကြည်မှ အဖွင့်အမှာစကား ပြောကြားပြီး မုဒုံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့
အမှုဆောင်အရာရှိ ဦးသန့်ဇင်ငြိမ်းမှ လေလံစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း
သတင်းရရှိသည်။
မုဒုံ
(ပြန်/ဆက်)
No comments:
Post a Comment