Friday, December 30, 2016

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ


နေပြည်တော် ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့သူ(၂)ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 မောင်တောမြို့နယ်အတွင်း ကျီးကန်းပြင် ကျေးရွာအနီးရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများသည် ကျီးကန်းပြင် (အနောက်ရွာ) တ၀ိုက် ပြန်လည် ၀င်ရောက်လျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်း များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက်မှု ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့်  ဇော်ကီအာမောက်၏သား ကော်ဒီမူလာနှင့်  ပုန်းအောင်းနေသည့်  အော်လီအာမတ်၏ သား မာမွတ်အာလောင်တို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment