Friday, December 30, 2016

လားရှိုးမြို့အနီး လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


နေပြည်တော် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ ၅ မိုင်ခန့်အကွာ ဘိလပ်မြေစက်ရုံ ဟောင်းအနီးတွင် ယမန်နေ့ မွန်းလွဲပိုင်းက  ပူးပေါင်းအဖွဲ့မှ ရှောင်တစ်ခင် စစ်ဆေးရာ လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုး-တန့်ယန်းသွား ကားလမ်း လားရှိုးမြို့မှ ၅ မိုင်ခန့်အကွာရှိ ဘိလပ်မြေ စက်ရုံဟောင်းအနီး၌ ရှောင်တခင်စစ်ဆေးဆောင်ရွက်ရာ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဦးစိုင်းလွန်းဆာ မောင်းနှင်လာသည့် ကန်ဒါအမျိုးအစား ဆိုင်ကယ်ကို စစ်ဆေးစဉ် ဆိုင်ကယ်တူးဘောက်အတွင်းမှ လက်ပစ်ဗုံးနှစ်လုံး၊ မြန်မာကျပ်ငွေ ၁၀ သိန်းကျော်နှင့် ဟန်းဆက် နှစ်လုံးတို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူအား  တရားဥပဒေအရ အရေး ယူဆောင်ရွက်နိုင်ရေး လားရှိုး မြို့မ ရဲစခန်းသို့စနစ်တကျ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

No comments:

Post a Comment