စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊
ကနီမြို့နယ်တွင် အခြေခံပညာကျောင်းများအလိုက် မူလတန်းနှင့် အထက်တန်း အဆင့်တို့၌ အရည်အသွေးမြှင့်တင်ပြီး အောင်ချက်မြင့်မားရေးတို့အတွက်
မြို့နယ်အဆင့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့က အမှတ်(၁)
အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ
အခြေခံပညာကျောင်းများမှ မူလတန်းနှင့် အထက်တန်းအဆင့်များတွင် ဘာသာရပ်အလိုက် သင်ကြားနေကြသည့်
ဆရာ/ဆရာမများ ဘာသာရပ်အလိုက် သင်ကြားပိုချမှု၊ အရည်အသွေးမြှင့်တင်ရေး၊ မိမိတို့မြို့နယ်အတွင်း
ကျောင်းများမှ အတန်းစဉ်လိုက် အောင်ချက် မြင့်မားရေးတို့အတွက် အလေးထား၍ ညှိနှိုင်း ဆောင်ရွက်ကြပြီး
ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်ကောင်းများကို ဘာသာရပ်ဆရာ/ဆရာများမှ စနစ်တကျ သင်ကြား
ပို့ချခြင်းဖြင့် ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာကာ အောင်ချက်များ
မြင့်မား လာမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေးသော ဆရာက ပြောကြားသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ
အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်တွင် ဆရာ/ဆရာမ(၁၃၃)ဦးနှင့် အထက်တန်းအဆင့်တွင်
(၁၅၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး အတန်းဆင့်ကို ခရိုင်၌ပင် ဆွေးနွေးကြောင်း မြို့နယ်
ပညာရေးမှူးရုံမှ သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment