၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြိ့နယ်၏ မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ
စုံညီပွဲတော် အားကစားစွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက်က ပြည်သူ့အားကစားကွင်းအတွင်း၌
ပြုလုပ်ကြောင်း သိခဲ့ရသည်။
ပြိုင်ပွဲတွင် မူလတန်းအဆင့်
ကျား/မ မီတာ ၅၀၊ မီတာ ၇၅၊ မီတာ ၁၀၀၊ အမြင့်ခုန်၊ အလျားခုန်၊ အလယ်တန်းအဆင့် ကျား/မ မီတာ
၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၁၀၀ x လေးဦး လက်ဆင့်ကမ်း၊ အမြင့်ခုန်၊ အလျားခုန်၊
သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ အထက်တန်းအဆင့် ကျား/မ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ
၄၀၀၊ မီတာ ၁၀၀ x လေးဦး လက်ဆင့်ကမ်း၊ မီတာ ၄၀၀ x လေးဦး လက်ဆင့်ကမ်း၊ အမြင့်ခုန်၊ အလျားခုန်၊
သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ် စသည့် ကစားနည်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ
ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများမှ
မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျား၊ မ စုစုပေါင်း မြို့နယ်အဆင့် ၃၄ ဦး
ရွေးချယ်ကာ ဒီဇင်ဘာ ၃၁ ရက်မှ ဇန်န၀ါရီ ၂ ရက်အထိ ဧရာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌
ကျင်းပပြုလုပ်မည့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ စုံညီပွဲတော် အားကစားစွမ်းရည်ဖော်ထုတ်ပွဲတွင်
ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:
Post a Comment