မော်လိုက်
ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၁၆) သင်တန်းဆင်းပွဲ
အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မော်လိုက်မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မော်လိုက်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ
ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့ကမ္ဘာနှင့် မြန်မာနိုင်ငံတို့ကို
လေ့လာကြည့်ပါက မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ နှစ်ရှည်ကာလများစွာ စုဆောင်း ရှာဖွေ
တည်ဆောက်ထားသည့် တိုက်တာ၊ အိုးအိမ်များ၊ ပစ္စည်းဥစ္စာများ ပျက်စီးခြင်း၊ အစဉ်တစိုက် ပိုင်ဆိုင်ထိန်းသိမ်းခဲ့ကြတဲ့
ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီး ဆုံးရှုံးခြင်း၊ လူနှင့် တရိစ္ဆာန်များ သေကြေပျက်စီးကြရသည်။
ထို့ကြောင့် ယခုသင်တန်းဆင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်
မိမိမြို့၊ မိမိရပ်ရွာ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အတွက် သင်တန်းက ပို့ချပေးလိုက်သည့်
ပညာရပ်များဖြင့် မီးလောင်မှု မဖြစ်စေရေး၊ မီးဘေးအန္တရာယ်စိုးရိမ်ရတဲ့ လုပ်ငန်းများ ကြိုတင်ကာကွယ်
စစ်ဆေးခြင်းနှင့် မိမိရပ်ရွာနဲ့ ပြည်သူအပေါ် မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတ်ဦးစီးဌာန၏
ရည်မှန်းချက် တာဝန်များ ပေါက်မြောက်အောင်မြင်စေရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များတွင်
သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနဲ့ ပူးပေါင်း၍ ပြည်သူကို
အကျိုးပြုတဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင် ကောင်းများ ဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း”
မှာကြားခဲ့သည်။
ယင်းနောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့်
မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က
သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများ ဆုများ အသီးသီး
ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်(ပြန်/ဆက်)
No comments:
Post a Comment