ဗန်းမောက်
ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး
ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက အမှတ်စဉ်(၁/၂၀၁၆) အရန်မီးသတ်
တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၃ ရက်
နံနက် ၁၀ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင်
မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက သင်တန်းဆင်း အမှာစကားပြောကြားကာ
သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် သင်တန်းဆင်း လက်မှတ် များကို ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်နန်း၊
မြို့နယ်မီးသတ်ဦးစီးမှူး ဦးခူးပိုလီကပ်နှင့် မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး
ဦးသိန်းထွေးတို့က ပေးအပ်ခဲ့ကြသည်။
ထို့နောက်မြို့နယ်မီးသတ်ဦးစီးမှူးက
မီးသတ်တပ်ဖွဲ့တူညီဝတ်စုံအနွေးထည်များ ချီးမြှင့်ပေးအပ်ပြီး အဆိုပါသင်တန်းတွင် အရန်
မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်
(ပြန်/ဆက်)

No comments:
Post a Comment