Monday, December 19, 2016

ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၉
ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်သည် ပြည်ထာင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ယနေ့ မွန်းလွဲ ၁နာရ်ီတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-3) အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ရှေးဦးစွာအစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များကပြည်သူ့လွှတ်တော်တွင် ကတိဖြစ်ခဲ့သောမေးခွန်းများ၊ အတည်ပြုခဲ့သောအဆိုများနှင့် စပ်လျဉ်းပြီး စီစဉ်ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တင်ပြချက်များနှင့်စပ်လျဉ်း၍ အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)  

No comments:

Post a Comment