နေပြည်တော်၊ ဒီဇင်ဘာ ၁၉
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၏ စိုက်ပျိုးရေးနှင့်
ကျေးလက်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ H. E. Mr. Wang Guosheng နှင့်အဖွဲ့အား ယနေ့နံနက် ၉
နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်ချင်းချစ်ကြည်ရင်းနှီးမှု
တိုးမြှင့်ရေး၊ လွှတ်တော်ကော်မတီ အချင်းချင်းပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို
ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်
ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ
တာဝန်ရှိသူ များ တက်ရောက်ကြသည်။
( သတင်းစဉ် )

No comments:
Post a Comment