Tuesday, December 27, 2016

မွန်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ဖွင့်ပွဲ ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၂၇
မွန်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ရာမည အားကစားပြိုင်ပွဲကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက အဖွင့်မိန်ခွန်းပြောကြားပြီး အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်၊ စစ်တုရင်နှင့် ပြေးခုန်ပစ် အားကစားနည်းများ ပါဝင်ပြီး ပြိုင်ပွဲကို မွန်ပြည်နယ် (၁၀) မြို့နယ်မှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment