Sunday, December 4, 2016

ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာရှိ ကျောက်မျက်ကုမ္ပဏီအား ရေမဆေးကျောက်ရှာဖွေသူများက ၀င်ရောက် ဖျက်ဆီး

နေပြည်တော် ဒီဇင်ဘာ ၎
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကုမ္ပဏီလုပ်ကွက်အတွင်း ကျူးကျော်ဝင် ရောက်နေသော ရေမဆေး ကျောက်ရှာဖွေသူလူ အုပ်စုမှ ခဲများဖြင့် ပစ်ပေါက်မှုအပေါ် စစ်သည်တစ်ဦးမှ ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦးထိမှန်သေဆုံးခဲ့ကြောင်း၊ ရေမဆေး ကျောက်ရှာဖွေသူများက ကုမ္ပဏီအတွင်းရှိ ယာဉ်ယန္တရားနှင့် စက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးသဖြင့် ထိန်းသိမ်းလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကုမ္ပဏီတစ်ခုအား KIA အကြမ်းဖက်သောင်းကျန်းသူ များက လက်နက် ကိုင်ခြိမ်းခြောက်၍ ၀င်စီးထားကြောင်း၊ အလုပ်သမားများအား ဖမ်းဆီး ထားပြီး ၎င်းတို့၏ လက်ကိုင်ဖုန်းနှင့် လမ်းလျှောက် စကားပြောစက်များအား သိမ်းဆည်း ထားကြောင်းသတင်းအရ နယ်မြေရှင်း လင်းရေး ဆောင်ရွက် နေသော တပ်မတော် စစ်ကြောင်းက ဆန်ခါကျေးရွာရှိ လင်းလက်ဝင်းကုမ္ပဏီလုပ်ကွက်သို့ ယနေ့ နံနက် ၁၀ နာရီခန့်တွင် သွားရောက်စဉ် လုပ်ကွက်အတွင်း ကျူးကျော် ၀င်ရောက်နေသည့် ရေမဆေး ကျောက် ရှာ ဖွေသူ အင်အား ၁၀၀ ဦးခန့်က ခဲများဖြင့်ပစ်ပေါက်သဖြင့် စစ်သည်တစ်ဦးက သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ရေနံချောင်းမြို့၊ ခေတ္တကုဋေ ကျေးရွာနေ သိန်းစိုး ဆိုသူမှာ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက် ၍ အမှုမှန်ပေါ်ပေါက်စေရန် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေမဆေးကျောက်ရှာဖွေသူ အင်အား ၅၀၀ ဦးခန့် က ယနေ့နေ့လည်ပိုင်းတွင် လင်းလက်ဝင်းကုမ္ပဏီအတွင်းရှိ ဘက်ဟိုးသုံးစီး၊ ကျောက် ဖောက်စက်တစ်စီး၊ မော်တော်ဆိုင်ကယ်သုံးစီးနှင့် မြေသယ်ယာဉ်နှစ်စီးတို့၏ မှန်များ အား ရိုက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ဆီတိုင်ကီ ဖောက်ခြင်းများ လုပ်ဆောင်လာသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက တည်ငြိမ်အေးချမ်းစေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်) 

No comments:

Post a Comment