Sunday, December 4, 2016

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီး



သတင်း - ရီရီမြင့်၊ ဥမ္မာသန့်

ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန် - ဒီဇင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ စာတမ်း ဖတ်ပွဲနှင့် ဆောင်းရာ သီစာအုပ်ဈေးရောင်းပွဲတော် စတုတ္ထနေ့ကို ယနေ့ နံနက် နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ် စက်ရုံဝင်း၌ ဆက်လက် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်၍ နိဂုံးချုပ်အမှာ စကားပြောကြားပြီး ညနေပိုင်းတွင် စာတမ်းဖတ်ပွဲနှင့် ဈေးရောင်း ပွဲတော်အောင်မြင်စွာ ကျင်းပပြီးစီးသည်။





 နံနက်ပိုင်း စာတမ်းဖတ်ပွဲတွင်  သဘာပတိများအဖြစ်  ဦးအောင်ရှင် (မုံရွာအောင်ရှင်) ဒေါ်စမ်းစမ်းနွဲ့(စမ်းစမ်းနွဲ့-သာယာဝတီ)နှင့် ဒေါက်တာလှမောင်တို့က ဆောင်ရွက်ကြပြီး အလှည့်ကျ သဘာပတိ  ဦးအောင်ရှင် (မုံရွာအောင်ရှင်)က  စာတမ်းရှင် ဦးသန့်လွင်မောင်(ကိုတာ)နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဦးသန့်လွင်မောင်(ကိုတာ)ကတစ်ပြည်လုံးပျော်ရွှင်ခြင်းစာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်က ပြန်လည်ဖြေကြားကာ  သဘာပတိများက စာတမ်းနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေး ကြသည်။
                ဆက်လက်၍  အလှည့်ကျ သဘာပတိ ဒေါ်စမ်းစမ်းနွဲ့(စမ်းစမ်းနွဲ့-သာယာဝတီ)က စာတမ်းရှင်  ဒေါ်ခင်ချိုချို(နီမော်)နှင့် မိတ်ဆက်ပေးပြီး စာတမ်းရှင်  ဒေါ်ခင်ချိုချို(နီမော်)ကနိုင်ဝင်းဆွေ၏ဘ၀နှင့်စာပေစာတမ်းကို ဖတ်ကြား၍ တက်ရောက်လာသူများ၏ သိရှိလိုသည် များကို  စာတမ်းရှင်က ပြန်လည် ရှင်းလင်း ဖြေကြားကာ သဘာပတိများက စာတမ်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်း စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ဦးကျော်နိုင်(ထက်မြက်)၊ဦးမြဟန် (မြဟန်)နှင့် ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)တို့က ဆောင်ရွက်ကြပြီး အလှည့်ကျ သဘာပတိ ဦးကျော်နိုင်(ထက်မြက်)က စာတမ်းရှင် ဒေါ်နီနီလွင်(ဂျေလှသင်)နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဒေါ်နီနီလွင်(ဂျေလှသင်)ကအစိုးရ ရှိခဲ့မှန်း သိခဲ့ရသောခေတ်စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို  စာတမ်းရှင်က ပြန်လည်ဖြေကြားကာ သဘာပတိများက စာတမ်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍   အလှည့်ကျ သဘာပတိ ဦးမြဟန် (မြဟန်)က စာတမ်းရှင် ဦးဋ္ဌေးလွင် (ထွန်းဇော်ဋ္ဌေး)နှင့် မိတ်ဆက်ပေးပြီး စာတမ်းရှင် ဦးဋ္ဌေးလွင် (ထွန်းဇော်ဋ္ဌေး)ကမြန်မာ့မြေယာ မူဝါဒစာတမ်းကို ဖတ်ကြား၍ တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို  စာတမ်းရှင်က ပြန်လည် ဖြေကြားကာ သဘာပတိများက စာတမ်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးကြသည်။
ထို့နောက် တာဝန်ရှိသူများက သဘာပတိများနှင့် စာတမ်းရှင်များအား ဂုဏ်ပြု လက်ဆောင် များနှင့် ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် စာတမ်းဖတ်ပွဲများ ကျင်းပသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ စာအုပ်ဈေးရောင်း ပွဲတော်နှင့် တွဲ၍ ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်ကြောင်း၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးမှ မိမိတို့တိုင်းပြည် အသိအမြင် ကြွယ်ဝရေး၊ တိုင်းပြည်၏ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ပြင် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ စဉ်းစားတွေး ခေါ်ခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ ရေးသားခွင့်များကို မိမိတတ်နိုင်သည့်နေရာက အားပေး ဆောင်ရွက် ခြင်းဆိုသည့်  ရည်ရွယ်ချက်ဖြင့်လည်း ကျင်းပခြင်းဖြစ်ကြောင်း၊  စာတမ်းဖတ်ပွဲဆိုသည်မှာ  တစ်စုံ တစ်ယောက် က ခြေခြေမြစ်မြစ် လေ့လာထားသည်ကို ပရိသတ်က နားထောင်ပြီး ဆွေးနွေး ဝေဖန် သုံးသပ်သည့် အလေ့အထ ထွန်းကားလာလိမ့်မည်ဟု မျှော်လင့် ယုံကြည်ပါကြောင်း။
လူငယ်များလည်း စာတမ်းရှင်များကိုအတုယူ၍ လေ့လာကြိုးစားလျှင် မိမိတို့နိုင်ငံ၌ အသိပညာများ ဖြန့်ဖြူးပေးနိုင်မည့် ပညာရှင်များ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊  စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင် သဘာပတိ အဖွဲ့ဝင်များ၊ စာတမ်းရှင် သုတေသီများ၊ စာတမ်းဖတ်ပွဲကို စိတ်ဝင်စားစွာ တက်ရောက်မေးမြန်း ဆွေးနွေးကြသူများ၊ စာအုပ်စာပေထုတ်ဝေဖြန့်ချိသူများ၊ ဝယ်ယူဖတ်ရှုသူများ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများကို ကျေးဇူး တင်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် ပညာရှင်များ၊ သုတေသီများနှင့် တွဲဖက်ပြီး  စာတမ်းဖတ်ပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော်များ၊ စာပေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း၊  မြန်မာစာပေ ဖွံ့ဖြိုးတိုး တက်ရေး၊ မြန်မာများ အသိဉာဏ်ကြွယ်ဝရေး၊ မြန်မာနိုင်ငံ ကမ္ဘာ့နှင့်တန်းတူ ရင်ဘောင် တန်းနိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့် စာပေဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများ၊ အစီ အစဉ်များ၊ စိတ်ကူးစိတ်သန်းများ ရှိလျှင်လည်း အကြံဉာဏ်များပေးပြီး ဝိုင်းဝန်းပါဝင် ဆောင်ရွက် ကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်ဈေးရောင်း ပွဲတော်တွင် စာအုပ်ဆိုင်ပေါင်း ၂၂၀ ကျော်က သုတ၊ ရသ စာအုပ်များကို ဈေးနှုန်းချိုသာစွာရောင်းချ ပေးခဲ့ကြသည်။ ယနေ့သည် အများပြည် သူရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ဖြစ်၍ စာအုပ်စာပေ လာရောက် လေ့လာဝယ်ယူ အားပေးသူများဖြင့် အထူးစည်ကားခဲ့ပြီး ညနေပိုင်းတွင် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာ အုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။  

No comments:

Post a Comment