Tuesday, December 27, 2016

လူငယ်ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး အလှူငွေပေးအပ်

ဂန့်ဂေါ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး အလှူငွေ ပေးအပ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

အလှူငွေပေးအပ်ပွဲတွင် GLOBAL WORLD INSURANCE CO.,LTD ဒါရိုက်တာ ဦးစိုးဝင်းသန့်က အလှူငွေပေးအပ်ခြင်းနှင့် အာမခံလုပ်ငန်းများ အကြောင်းကိုလည်းကောင်း၊ ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွဲ့က ဘောလုံးပွဲကျင်းပခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒါရိုက်တာ ဦးစိုးဝင်းသန့်က လူငယ်ဘောလုံးပွဲ ကျင်းပနိုင်ရေး အလှူငွေ ကျပ် ၁၀ သိန်းကို နည်းစနစ်မှူး ဦးဌေးမင်းထံ ပေးအပ် လှူဒါန်းခဲ့သည်။
အဆိုပါ အလှူငွေပေးအပ်ပွဲသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ၍ အထူးခရီးသွားအာမခံ၊ အသက်အာမခံ၊ မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ ကျန်းမာရေးအာမခံ ကိစ္စများကို တင်ပြဆွေးနွေးကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment