Tuesday, December 27, 2016

ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အကြားတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပေါက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သစ်တောဦးစီးဌာန သစ်တောဦးစီးမှူး ဦးငြိမ်းချမ်း(၄)ပါ (၈) ဦး၊ သစ်တော လုံခြုံရေးအဖွဲ့မှ အရာခံ ကံပေါ်ပါ(၅)ဦး၊ ဇီးပြား  နယ်မြေစခန်းမှူး ရဲအုပ် မောင်မောင်စိန်ပါ(၄)ဦး တို့က ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ပေါက်မြို့နယ် ဇီးပြားစခန်း  ပိုင်နယ်မြေ
ဇဟိုးကျေးရွာ အရှေ့ဘက်  (၃)မိုင်ခန့် အကွာ အာဆီယံလမ်းမအနီးတွင် ရပ်တန့်ထားသော အဖြူရောင် (၁၀)ဘီး ယာဉ်အမှတ် MGY-HE----- ယာဉ်ပေါ်တွင် ပိတောက်နှင့်အခြားသစ် (၁၀)တန်ကို လည်းကောင်း၊ ပေါက်မြို့  နယ်လက်ပံတို စခန်းပိုင်တယ်ပင်ခွတောတိုက်အနီးကြက်ရင်းချောင်းနှင့် (၁)မိုင်ခန့်အကွာတွင် ဂန့်ဂေါ-မြိုင်-တောမလမ်းပေါ်၌ ရပ်တန့်ထားသော NISS AN DIESEL အပြာရောင် (၁၀)ဘီး ယာဉ်အမှတ် က/ ---- အားတွေ့ရှိ၍ ပခုက္ကူခရိုင် သစ်တောဦးစီးအရာရှိ ဦးခင် မောင်ဌေးပါ(၂)ဦး၊ ရေစကြိုမြို့နယ်သစ်  တောဦးစီးဌာနမှ တောအုပ်ခင်လင်းပါ (၃) ဦး၊ မြိုင်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်ဦးပါ (၄) ဦး၊ ပေါက်မြို့ နယ်သစ်တောဦးစီးမှူးနှင့် တာဝန်ရှိသူတို့က သတင်းအရ ဆက်လက် ရှာဖွေရာ ကျွန်းသစ်နှင့်အခြား သစ်ခွဲသား အချောင်း (၅၀) စုစုပေါင်း (၅)တန်တို့ကိုလည်းကောင်း ဆက်လက်၍ ပေါက်-လက်ပန်      တို-မြိုင်လမ်းအနီးတွင် ရပ်တန့်ထားသော Wheel Loader ယာဉ်မောင်း ရန်ပိုင်(ဘ)ဦးဇော်မင်းနိုင်မြိုင်မြို့နယ်ကိုင်း  တောမကျေးရွာ၊ ယာဉ်ကြီးကြပ် ဦးထွန်းလွင်အောင်(ဘ)ဦးအောင်ရွှေဆေးပင်   ကြီးရွာတို့ယာဉ်အား မြေဖို့နေသည်ဟု ယူဆရသည့် ယာဉ်အနီးတွင် ပိတောက်  သစ်ခွဲသား(၇)တန်ခန့်အား ဆက်လက်   ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက်ယာဉ်အမှတ်မပါ နောက်တွဲယာဉ်ခေါင်းစိမ်းယာဉ်  ပေါ်မှပိတောက်ခွဲသား(၁၀)တန်နှင့် ယာဉ်အမှတ် 2B----- ခေါင်းဖြူ ၂၂ဘီး ယာဉ်ပေါ်မှ ပိတောက်ခွဲသား(၁၀)တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment