Tuesday, December 27, 2016

ဖဲနှပ်ကောက်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား        ဒီဇင်ဘာ ၂၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ဖဲနှပ်ကောက် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး ဦးအောင်မောင်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းမှာ ဖဲနှပ်ကောက်နှင့် ပတ်သက်သောနည်းပညာ ရပ်များပြန့်ပွားစေရေး၊ အထည်အလိပ် လုပ်ငန်း လုပ်ကိုင်သူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သင်ကြားပေး ခြင်းဖြစ်ပါကြောင်း ထို့ပြင် ထိုကဲ့သို့ သင်တန်းများပို့ချပေးခြင်းဖြင့် ကိုယ်ပိုင်လုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင် ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများအား တဖက်တလမ်းမှ အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် သင်တန်းသူများအနေဖြင့် မိမိတို့သင်ကြားတက်မြောက်ခဲ့သော ပညာရပ် များကို စဉ်ဆက်အပျက် လေ့လာ ဆည်းပူးပြီး ထို့ထက်မကတီထွင်ဆန်းသစ်ပြီး မြန်မာ့ရိုးရာယက်ကန်းပညာရပ်များဖြင့် နိုင်ငံတကာ ဈေးကွက် သို့အဆင့်မှီအဝတ်အထည်ဒီဇိုင်းပုံစံများ ဖော်ထုတ်သွားကြစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြော ကြားခဲ့သည်။

အဆိုပါသင်တန်းအား နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ၂၇ ရက်ထိ သင်တန်းသူ(၂၀)ဦးအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြဉ္ဇူဝင်းနှင့် နည်းပြဆရာ/မ(၃)ဦးတို့မှ ကချင်ရိုးရာဒီဖိုင်းပုံစံများ တီထွင်ဆန်း သစ်ပုံဖော်ဆောင်ရွက်ခြင်း ဘာသာရပ်များအား သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

ထို့နောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်မြဉ္ဇူဝင်းမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ပြည်နယ်မှူး ဦးအောင်မောင်းမှ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကာ အခမ်းအနားသို့ ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး ဦးအောင်မောင်း နှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ နည်းပြဆရာ/မများ သင်တန်းသူများ စုစုပေါင်း အင်းအား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)


No comments:

Post a Comment