Friday, December 2, 2016

ငွေချည်(၉)ချည်မျှင်ရှည် ဝါမျိုးသစ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

ဆင်ပေါင်ဝဲ          ဒီဇင်ဘာ    ၂
ဆင်ပေါင်ဝဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် ငွေချည်(၉ ) ချည် မျှင်ရှည်ဝါမျိုးသစ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ( ၉: ၀၀) နာရီက အခြေခံပညာ အထက်တန်းကျောင်း အရှေ့တောင်ဘက် ဓါတ်တော်ဘုရားအနီး တောင်သူ ဒေါ်နှင်းကြည်၏(၅)ဧက စံပြ ဝါစိုက်ခင်း၌ ကျင်းပရာ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းနှင့် ဌာနဆိုင်ရာများ၊ တိုင်း/ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း  သိရသည်။

တောင်သူပညာပေး သရုပ်ပြပွဲတွင် မကွေးတိုင်းဒေသကြီး သရက်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းဇော်အောင် ၊ မကွေတိုင်းဒေသကြီးတိုင်းမျိုး စေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီချို  ၊ မကွေးတိုင်းဒေသကြီး ဘက်စုံ သီးနှံကာကွယ်နှိမ်နင်းရေး တာဝန်ခံ  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်ဝင်း၊ မကွေးတိုင်းဒေသကြီး တိုင်းမြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်မာသန်း၊ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများက စိုက်ပျိုးသီးနှံများအကြောင်း၊ မြေဆီလွှာအာဟာရဓာတ်များအကြောင်းနှင့် ငွေချည်(၉)ချည် မျှင်ရှည်ဝါ မျိုးသစ်၏ အရည်အချင်း လက္ခဏာများ အကြောင်းတို့ကို အသီးသီး ရှင်း လင်းဆွေးနွေကြပြီး ငွေချည် (၉ )ချည်မျှင် ရှည်ဝါ စိုက်ခင်းအတွင်းသို့ ကွင်းဆင်း လေ့လာကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment