Tuesday, December 27, 2016

(၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ


စဥ့်ကိုင်၊ ဒီဇင်ဘာ-၂၇
(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကိုဖွင့်ပွဲကို ဒီဇင်ဘာ (၂၆)ရက် မွန်းလွဲ(၂)နာရီက စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာ၊ ဘယ်လင်း(အ.ထ.က)ကျောင်း၊ အာကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေဦးစွာ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာ၊ အားကစားဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးဝင်းဗိုလ်မှ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ မြို့နယ်အားကစားမှူး ဒေါ်စန်းစန်းအေးက ပြိုင်ပွဲကို ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့သည်။
ပြိုင်ပွဲတွင် အသင်းပေါင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်၍ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်န၀ါရီ(၄)ရက် လွတ်လပ်ရေးနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စဥ့်ကိုင် (ပြန်/ဆက်)

No comments:

Post a Comment