Wednesday, December 28, 2016

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား



နေပြည်တော်၊  ဒီဇင်ဘာလ  ၂၈
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB)အစည်း အဝေးသို့တက်ရောက်အမှာ စကားပြောကြား သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် အထူးအရေး ကြီးပါကြောင်း၊ နိုင်ငံတကာက ထောက်ပံ့သည်ဖြစ်စေ၊ ပြည်တွင်းအလှူရှင် များကထည့်ဝင် လှူဒါန်းသည်ဖြစ်စေ နိုင်ငံသူနိုင်ငံသားများကို လှူဒါန်းခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေကို နိုင်ငံတော်အစိုးရတစ် ခုတည်းက ပိုင်ဆိုင်ခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန NRPC က ပိုင်ဆိုင်ခြင်း မဟုတ် ကြောင်း၊ နိုင်ငံသူနိုင်ငံသား အားလုံးက ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း၊  အလှူရှင်များက လှူဒါန်းပြီးသည့် နောက်တွင် ပြည်သူပိုင် ဖြစ်သွားပြီဖြစ်ကြောင်း၊ ထိုရန်ပုံငွေများကို စိစစ်ရာတွင်လည်း မည်သည့်အတွက်ကြောင့် သုံးစွဲရသည်၊ မည်သည့်နေရာများတွင် သုံးစွဲရသည်ကို ယခုပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က သဘောတူညီရန် လိုအပ်သကဲ့ သို့ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရန် လိုအပ်ပါ ကြောင်း၊ ရန်ပုံငွေ လုံလောက်မှု မရှိ၍ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ထိခိုက်စေခြင်းမျိုး မဖြစ်ရန်လိုအပ်သလို မလိုအပ်ဘဲအပိုကုန်ကျမှုများမရှိရန်လည်း လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က သဘောတူချမှတ် ထားသော ဦးစားပေးကဏ္ဍကြီးများနှင့် ညီညွတ်မှုရှိရမည် ဖြစ်ကြောင်း၊ အဖွဲ့အစည်း တစ်ဖွဲ့ချင်း၏ ရန်ပုံငွေကိစ္စမှာ ယင်းတို့ အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်ပြီးမိမိတို့ JCB အဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆက်စပ်ပတ်သက်သည့် ရန်ပုံငွေကိစ္စရပ်များ ကိုသာ ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
အစည်းအဝေးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement -NCA) လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာအစီအစဉ်များ၊ အတည်ပြုထားပြီးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JCB ၏ တာဝန်နှင့် ဝတ္တရားများကို အခြေခံ၍ လုပ်ငန်းအဖွဲ့များ၊ ရုံးအဖွဲ့များ ဖွဲ့စည်းထားရှိဆောင်ရွက်ရေး၊ JCB ၏ လုပ်ငန်းလမ်းညွှန် နှင့် လုပ်ထုံးလုပ်နည်း များရေးဆွဲ အတည်ပြုရေး၊ လတ်တလောလိုအပ်ချက်များကို အလေးပေးခွင့်ပြုနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် JCB အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော် မရှင်ဥက္ကဌဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ရှီလာနန် တောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်း၊ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သောတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စား ပဒိုစောကွယ်ထူးဝင်း (KNU အထွေထွေအတွင်းရေးမှူး)၊ ဦးစိုင်းလျန်း (RCSS-SSA)၊ ဆလိုင်းထလာဟေး (CNF အထွေထွေ အတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF)နှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များမှ  ဦးစံလော (“ဝ” အထူးဒေသ(၂)၊ ပြည်ပဆက်ဆံရေးဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ(၄)မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ)တို့ တက်ရောက် ကြသည်။ 

No comments:

Post a Comment