Tuesday, December 27, 2016

မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရကျင်းပသောအားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

ကြံခင်း ဒီဇင်ဘာ၂ ၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလား အသက်(၁၆)နှစ်အောက်အမျိုးသားဖူဆယ်(ဘောလုံး)၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၅ ရက်မှ စ၍ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ ဖူဆယ်(ဘောလုံး)ပြိုင်ပွဲတွင် ပထမဆုကိုအထက(ခွဲ)ရွာသစ်တောင်ကလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုကိုအထကချင်းမြောင်ကလည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင်ဆုရှိသူများကိုလည်းကောင်း တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

ကြံခင်းမြို့နယ် TOWN SPORT DEVELOPMENT PROGRAMME အစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲသို့ မြို့နယ်အုပ်ချုပ်းရေးမှူးဦးဖြိုးမင်းထိုက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးဒေါ်ကေသီဦးနှင့်ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အားကစားစိတ်ပါဝင်စားသူပြည်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment