Thursday, December 1, 2016

ရွှေကျင်မြို့တွင် အာမခံထားရှိမှုနှင့်ပတ်သတ်သည့် အသိပညာပေးဟောပြော

ရွှေကျင်၊ နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ပထမအမျိုးသားအာမခံ အများနှင့်သက်ဆိုင်သော ကုမ္မဏီ (FNI) မှ အများပြည်သူများ အာမခံနှင့်ပတ်သတ်သည့် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက ရွှေကျုင်မြို့နယ် မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေကျင်မြို့နယ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ဟိန်း ဗိုလ်မှူးရွှေမောင်နှင့် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက်ကြသည်။ အဆိုပါကုမ္မဏီအား ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိပြီး အခမ်းအနားတွင် (FNI) ကုမ္မဏီမှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုဝင်းက အဖွင့် အမှာစကား ပြောကြားကာ ဒေါ်သက်ဖူးဝေးက လက်ခံဆောင်ရွက်ပေးသော အာမခံလုပ်ငန်းများအကြောင်းကို ဟောပြောသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက အာမခံထားရှိမှုနှင့် ပတ်သတ်သည့် သိလိုသည်များကို မေးမြန်းရာ အဆိုပါကုမ္မဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ခင်စောဝင်းက ပြန်လည်ရှင်းပြပေးခဲ့ကြောင်း သိရသည်။

(ရွှေကျင်၊ ပြန်/ဆက်)

No comments:

Post a Comment