Thursday, December 1, 2016

မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ သက်ကြီးကန်တော့ပွဲနှင့် ပညာသင်စရိတ် ထောက်ပံ့ပေး အပ်ပွဲ ကျင်းပ

လက်ပံတန်း၊ နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်​ လက်ပံတန်းမြို့နယ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟို ထောက်ပံ့ပေးသော ပညာသင်စရိတ်နှင့် တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သော သက်ကြီး (၇၅) နှစ်စစ်မှုထမ်းဟောင်းများ မသန်မစွမ်းစစ်သည်များ ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ၂ လမ်းခန်းမ၌ နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတိုင်းကြီးကြပ်ရေးဥက္ကဌ ဒုတိယဗိုလ်မှုးကြီး(ငြိမ်း) ကျော်ညွန့်က စစ်မှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်း၍ အဖွင့်မှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်​မာနိုင်​ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုမှ (၇၅) နှစ်သက်ကြီး၂ ဦး မသန်မစွမ်း ၂ ဦး စစ်မှုထမ်းဟောင်းသားသမီးများ အထက်တန်းအဆင့် ၂ ဦး၊ အလယ်တန်းအဆင့် ၂ ဦး၊ မူလတန်းအဆင့် ၂ ဦးတို့ကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စစ်မှုထမ်းဟောငင်းအဖွဲ့မှ (၇၅) နှစ်အထက် စစ်မှုထမ်းဟောင်း ၁၈ ဦး၊ မသန်မစွမ်း ၁၆ ဦး၊ အထက်တန်းအဆင့် ၂၇ ဦး၊ အလယ်တန်းအဆင့် ၁၇ ဦး၊ မူလတန်းအဆင့် ၁၃ ဦးနှင့် တက္ကသိုလ်​ အဆင့် ၁ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်​။

(လက်ပံတန်း၊ ပြန်/ဆက်)

No comments:

Post a Comment