Monday, November 21, 2016

ဒုတိယအကြိမ် WHITE Art Exhibition ပန်းချီပြပွဲကျင်းပ

မန္တလေး၊ နိုဝင်ဘာ ၁၉
ဒုတိယအကြိမ် WHITE Art Exhibition ပန်းချီပြပွဲကို မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ Mandalay Hill Art Gallery ၌ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ခွဲ က ကျင်းပပြုလုပ်သည်။

အဆိုပါပန်းချီပြပွဲကို (၁၉၉၉) ခုနှစ် ပန်းချီကျောင်း အနုပညာမောင်နှမများ စုပေါင်းပြသခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်တွင် ၂၄ ဦးစုပေါင်းပါဝင်ပြသခဲ့ပြီး၊ ယခုဒုတိယအကြိမ်တွင် (၁၂) ဦး သာပါဝင်ကြောင်း၊ ရေဆေးနှင့် Acrylic ပန်းချီကားချပ်များဖြစ်ကြောင်း၊ ပန်းချီကားချပ် (၇၅) ကား ပြသထားကြောင်း ပန်းချီဆရာကိုမျိုးကျော်သူ က ပြောပြသည်။
အခမ်းအနားတွင် ပန်းချီ၊ပန်းပု ပညာရှင်ကြီးများက မုဒိတာစကား ပြောကြားသည်။ ထို့နောက် WHITE မောင်နှမများကိုယ်စား ကိုညီငယ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ ပန်းချီပြပွဲကို နိုဝင်ဘာ ၁၉ ရက် မှ ၂၃ ရက်ထိ နေ့စဉ်နံနက် (၉) နာရီမှ ည(၉) နာရီထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်းသိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment