Monday, November 21, 2016

ကမ္ဘာ့စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

မော်လမြိုင်       နိုဝင်ဘာ          ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ၊ (၂၀)ရက်နေ့၊ နံနက် (၉)နာရီအချိန်ခန့်က မော်လမြိုင် ကုန်စည်ဒိုင်ခန်းမ ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာစီးပွားစီမံအသင်း၊ MON CCI၊ MON CSO Network၊ မွန်ပြည်နယ် လူငယ်ရှင်းများ အဖွဲ့ တို့မှ အသီးသီး ကြိုဆိုမိတ်ဆက်ကြပြီး New Motion  Travels & Tours မှ Managing Director ဦးထိုက်လွန်းမောင်မှ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း အတွေ့အကြုံများ၊ ကြုံတွေ့ရတဲ့ အခက်အခဲများကို မျှဝေဆွေးနွေးခဲ့သည်။
ဆက်လက်၍ လူမှုတာဝန်သိ စီးပွားရေးလုပ်ငန်းရှင် ခေါင်းစဉ်ဖြင့် ဦးဆောင်းဆွေးနွေးမည့်သူများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကာ အဖွဲ့(၅)ဖွဲ့ခွဲ၍ တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်း၊ အပြန်အလှန် ချိတ်ဆက်ဆွေးနွေးခြင်းများ ပြုလုပ်ကြခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment