Thursday, November 3, 2016

ကျောက်ပန်းတောင်းမြို့နယ်တွင် UPPER KM CSO အဖွဲ့နှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များ တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေး


ကျောက်ပန်းတောင်း  နိုဝင်ဘာ 
မိတ္ထီလာ၊ ကျောက်ပန်းတောင်း မြို့နယ် နှစ်မြို့နယ်ပူးပေါင်း၍ UPPER KM ကွန်ယက်အဖြစ်ဖွဲ့စည်းပြီး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စီမံအုပ်ချုပ်မှုယန္တရား အားကောင်းစေရေး၊ ကလေးဗဟိုပြုကွန်ယက်၊ မိဘပညာပေး ကွန်ယက်များ ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်နိုင်စေရေးတို့အတွက် UPPER KM CSOအဖွဲ့နှင့်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို
နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀)နာရီက ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စကားဝါမြေခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က အဖွင့်အမှာစကား ပြောကြားပြီး၊ တက်ရောက်လာကြသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ဆက်လက်၍ညောင် ဦးခရိုင် လူမှုဝန်ထမ်းဦးစိးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင် ကဦးစီးဌာနအနေဖြင့်  လက်ရှိဆောင်ရွက်နေသည့် ကူညီ/ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ခိုကိုးရာမဲ့သက်ကြီးဘိုးဘွားပြုစုစောင့်ရှောက် ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
UPPER KM အဖွဲ့မှ Program Manager ဦးစိုးမိုးက  အထက်မြန်မာပြည် ကျောက်ပန်းတောင်း၊ မိတ္ထီလာ မြို့နယ်နှစ်မြို့နယ်ရှိ ကလေးသူငယ်အဖွဲ့အစည်းများ၊ ကော်မတီများ၊ ကွန်ယက်အဖွဲများ အချင်းချင်းချိတ်ဆက်ညှိနှုင်း၍ တစ်မြို့နှင့်တစ်မြို့ အောင်မြင်မှုများအား အမြင်ခြင်းဖလှယ်၊ အတွေ့အကြုံခြင်းဖလှယ်၍ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက်  UPPER KM  အဖွဲ့မှ NCRWG ၏လုပ်ဆောင်ချက်များကို Program Manager ဒေါ်နန်းမြင့်ဦး ကလည်းကောင်း၊ စီမံကိန်းဝင်ကျေးရွာများ၏ကိုယ်စား ရွာလတ်ကျေးရွာကော်မတီဝင် ဦးဆန်းဝင်းက ကျေးရွာ ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများ ကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍  မန္တလေးတိုင်းကိုယ်စားပြု အကြင်နာလက်များကလေးအဖွဲ့မှ ကိုမောင်မောင်နှင့်မဇာဇာတို့က ကလေးသူငယ်များနှင့် ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို  ရှင်းလင်းတင်ပြကြပြီး၊ မြို့ နယ် TCRC ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ယခုလိုတွေ့ဆုံညှိနှိုင်းခွင့်ရရှိသည့်အတွက် ၀မ်းမြောက်ပါကြောင်းနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းများမှာလည်း အမှန်တကယ်လုပ်ဆောင်သင့်၊ လုပ်ဆောင်ရမည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အနေဖြင့်လည်း လိုအပ်သည့်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက် သွားမည်ြဖစ်ပါကြောင်း နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနား ကိုရုပ်သိမ်းလိုက်သည်။
အဆိုပါ Upper KM Network ကို အထက်မြန်မာပြည် ကျောက်ပန်းတောင်း၊ မိတ္ထီလာမြို့နယ်များရှိ ကလေးတိုင်းကို အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို ရရှိပိုင်ဆိုင်ရေးကနဦး ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၄င်းမှခရိုင်၊ တိုင်းနှင့်ပြည်နယ်အလိုက် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ၀န်ထမ်းများ၊ မြို့နယ်ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အဖြူရောင်ကွန်ယက်လူငယ်အဖွဲ့ဝင်များ၊ Three Star လူငယ်အဖွဲ့ဝင်များနှင့် UPPER KM အဖွဲ့ဝင်များ   ရပ်ကွက်/ကျေးရွာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment